Dear students and parents,
We would like to extend a warm and heartfelt welcome to everyone joining the Mandalay Federal School community for the new academic year. We are excited to have both new and returning students with us.
Our school is committed to providing a safe, inclusive, and quality learning environment that empowers students to be critical thinkers and compassionate citizens. This forum will serve as a hub for all important announcements, news, and updates from the school administration.
We encourage you to explore our courses and resources on this Moodle site and to stay engaged with our community.
We look forward to a successful and productive year together.
Sincerely,
The Mandalay Federal School Administration
ချစ်ခင်လေးစားရပါသော ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများခင်ဗျာ
မန္တလေးဖက်ဒရယ်ကျောင်း၏ မိသားစုဝင်များအဖြစ် ပညာသင်နှစ်သစ်တွင် အတူတကွ ပါဝင်လာကြသော ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများအားလုံးကို ခင်မင်ရင်းနှီးစွာဖြင့် ကြိုဆိုလိုက်ပါသည်။ ကျောင်းသား/သူဟောင်းများရော၊ အသစ်များပါ ပါဝင်လာသည့်အတွက် ကျောင်းမှ များစွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။
ကျွန်ုပ်တို့ကျောင်းသည် ကျောင်းသား/သူများ၏ ဝေဖန်ဆန်းစစ်နိုင်စွမ်းရှိသော တွေးခေါ်မှုနှင့် လူသားချင်းစာနာထောက်ထားသောစိတ်ဓာတ်တို့ကို မွေးမြူပေးနိုင်ရန် ကတိကဝတ်ပြုထားပါသည်။ ဤ Moodle site ရှိ "ကြေညာချက်နှင့် သတင်းများ" Forum သည် ကျောင်း၏ အရေးကြီးသော သတင်းအချက်အလက်နှင့် ကြေညာချက်များကို အသိပေးရန်အတွက် ရည်ရွယ်ပါသည်။
ဤ Moodle site ပေါ်ရှိ သင်ရိုးညွှန်းတမ်းများနှင့် အခြားအရင်းအမြစ်များကို လေ့လာကြည့်ရှုရန် တိုက်တွန်းလိုပါသည်။
ကျွန်ုပ်တို့အားလုံး အောင်မြင်သော ပညာရေးခရီးကို အတူတကွလျှောက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
လေးစားစွာဖြင့်
မန္တလေးဖက်ဒရယ်ကျောင်း စီမံခန့်ခွဲရေးအဖွဲ့