နေ့စွဲ။ ။ ၂၀၂၆ ခုနှစ်၊ မေလ (၃၁) ရက်
သို့/
- ကျောင်းသား/သူများ
- မိဘအုပ်ထိန်းသူများ
- ဆရာ၊ ဆရာမများအားလုံး
အကြောင်းအရာ။ ။ First Semester (ပထမနှစ်ဝက်) အတွက် ကြိုတင်ပြင်ဆင်ရန် အသိပေးနှိုးဆော်ခြင်း။
မန္တလေးဖက်ဒရယ်ကျောင်း (Mandalay Federal School) ၏ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ပထမနှစ်ဝက် (First Semester) ကာလသည် မကြာမီ ရောက်ရှိတော့မည် ဖြစ်သည့်အတွက် ကျောင်းသား/သူများ၊ မိဘများနှင့် ဆရာ/မများအနေဖြင့် အောက်ပါအတိုင်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပေးကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
- ဆရာ၊ ဆရာမများအနေဖြင့် - ကျောင်းသား/သူများ၏ ပထမနှစ်ဝက် Assessment အတွက် စာမေးပွဲမေးခွန်းများကို ကြိုတင်ပြင်ဆင်တွက်ချက်ပေးကြပါရန်။
- ကျောင်းသား၊ ကျောင်းသူများအနေဖြင့် - မိမိတို့ သင်ကြားခဲ့သည့် သင်ခန်းစာများကို ပြန်လည်မွမ်းမံပြီး လာမည့် Assessment များအတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားကြပါရန်။
- မိဘအုပ်ထိန်းသူများအနေဖြင့် - မိမိတို့၏ ရင်သွေးငယ်များ အိမ်တွင် စာပြန်လည်ကြည့်ရှုလေ့လာနိုင်ရန်နှင့် Assessment ကာလအတွင်း အာရုံစိုက်နိုင်ရန်အတွက် နီးကပ်စွာ ဝိုင်းဝန်းထိန်းကျောင်း ပံ့ပိုးပေးကြပါရန်။
🗓 Assessment ဖြေဆိုရမည့် ရက်သတ်မှတ်ချက်များကို မကြာမီ သီးခြား ထပ်မံထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ပါသည်။
ကျောင်းသား/သူများ၏ ပညာရေးခရီးလမ်း အောင်မြင်ချောမွေ့စေရန်အတွက် အစဉ်တစိုက် ပူးပေါင်းပါဝင်ပေးကြသော ဆရာ/မများ၊ မိဘများနှင့် ကျောင်းသား/သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
လေးစားစွာဖြင့် -
Tr. Jewel
ကျောင်းတာဝန်ခံ
မန္တလေးဖက်ဒရယ်ကျောင်း