• ဖယ်ဒရယ် ပညာရေးစနစ်သည် မတူညီသောနောက်ခံ/ ကွဲပြားသော သဘာဝရှိသည့် ကျောင်းသား/သူများနှင့် ကိုက်ညီသော သင်ကြားမှုပုံစံဖြစ်သည်။ မတူညီကွဲပြားသောစာပေယဉ်ကျေးမှုနှင့် သမိုင်းစသည်တို့ကို တန်ဖိုးထားထိန်းသိမ်းမြှင့်တင်ခြင်းဖြစ်ပါသည်။ လွတ်လပ်ခြင်း၊တရားမျှတခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိခြင်းစသော ဖယ်ဒရယ်ဒီမိုကရေစီ စံတန်ဖိုးများကို သိရှိလိုက်နာရန်ဖြစ်ပါသည်။

    လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် တာဝန်ခံ၊ တာဝန်ယူပွင်လင်းမြင်သာစွာ ဆောင်ရွက် တာဝန်ယူနိုင်ရန်ဖြစ်ပါသည်။ လူမျိုး၊ဘာသာမရွေး၊ လိင်စိတ်ခံယူမှုနှင့်မသန်မစွမ်းဖြစ်ခြင်းစသည့် မတူကွဲပြားမှုများစွာကို သိရှိနားလည်၍ လူ့အခွင့်အရေးကို လေးစားလိုက်နာ လုပ်ဆောင်ရန်ဖြစ်ပါသည်။

    လူတိုင်းပညာရပိုင်ခွင့်ရှိရန် ပညာရေးသည် လူတစ်ယောက်ကိုယ်ရည်ကိုသွေး အမြင့်ဆုံးထိတိုးတက်စေခြင်း၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်တို့ကို ပိုမို လေးစားလာစေရန်နှင့် အနာဂတ်တွင် လူကောင်းလူတော်များဖြစ်ပေါ်ထွန်းစေရန်ဦးတည်၍ စဉ်ဆက်မပြတ်ပညာသင်ကြားနိုင်ရန် ယခုကဲ့သို့ ကြားကာလအခက်အခဲများကြားတွင် Mandalay Federal School ကို ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပါသည်။

    Our Vision

    • ကျောင်းသား/သူများ စဥ်ဆက်မပြတ်ပညာသင်ယူခွင့်ရရှိစေရန်။
    • အသက်အရွယ်၊ကျွမ်းကျင်မှု၊စံသတ်မှတ်ချက်များနှင့်ကိုက်ညီသော အတန်းတက်ရောက်နိုင်စေရန်။
    • တန်းတူညီမျှမှုရှိစေရန်နှင့်မတူကွဲပြားမှုများကိုတန်ဖိုးထားတတ်စေရန်။
    • တာဝန်ယူမှု၊တာဝန်ခံမှုအပြည့်နှင့်လူ့အခွင့်အရေး၊လူ့ဂုဏ်သိက္ခာများကိုလေးစားလိုက်နာတတ်စေရန်။
    • ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းနှင့်အရည်အသွေးသတ်မှတ်ချက်ပြည့်မီစေရန်
    • မိမိပတ်ဝန်းကျင်နှင့်ဟန်ချက်ညီလိုက်လျောညီထွေမှုရှိစေပြီးလူမှုပေါင်းသင်းဆက်ဆံရေးကောင်းစေရန်။
    • မိမိကိုယ်ကိုယုံကြည်နားလည်သိမြင်နိုင်စွမ်းရှိစေရန်။
    • ငြိမ်းချမ်းရေးနှင့်စည်းလုံးညီညွတ်မှုကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်။
    • နိုင်ငံသားကောင်းများဖြစ်လာစေရန်။