၂၀၂၆- ၂၀၂၇ ပညာသင်နှစ်((ကျောင်းသား/သူများလိုက်နာရန်စည်းကမ်းချက်))
Completion requirements
ကျောင်းသားများ လိုက်နာရန် စည်းကမ်းချက်များ (၁၂) ချက်
ကျောင်းသူ၊ ကျောင်းသားများ၏ ပညာသင်ကြားရေးဆိုင်ရာ အရည်အသွေး ပိုမိုတိုးတက်စေရန်နှင့် သင်ခန်းစာများကို ထိရောက်စွာ သင်ယူနိုင်ရေးအတွက် စာသင်ကြားရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို သတ်မှတ်ပြဋ္ဌာန်းထားပါသဖြင့် အလေးဂရုပြု လိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။
- အတန်းဝင်ရောက်ခြင်း - အတန်းပိုင်ဆရာ/ဆရာမများမှ ပေးထားသော Code number များဖြင့်သာ အတန်းတက်ရောက်ရမည်။
- အချိန်လေးစားခြင်း - အတန်းချိန် မစတင်မီ Zoom Class ထဲသို့ (၅) မိနစ် ကြိုတင် ဝင်ရောက်ရမည်။ စာသင်ချိန်များကို အပြည့်အဝ ဝင်ရောက်သင်ယူ လေ့လာရမည်။
- မိုက်နှင့် ဗီဒီယို ထိန်းချုပ်ခြင်း - စာဖတ်ချိန်နှင့် စာသင်ချိန်များတွင် ဆရာ၊ ဆရာမများမှ ဗီဒီယိုနှင့် မိုက်များ ပိတ်ထားရန် ညွှန်ကြားပါက ပိတ်ထားရမည်။ ဆရာ၊ ဆရာမများက ခွင့်ပြုမှသာ ဖွင့်လှစ်၍ သင်ကြားသင်ယူမှုများကို ဆောင်ရွက်ရမည်။
- ကျောင်းခေါ်ကြိမ်နှင့် ခွင့်တိုင်ကြားခြင်း - ကျောင်းခေါ်ကြိမ် ပြည့်မှီစွာ တက်ရောက်ရမည်ဖြစ်ပြီး၊ ပျက်ကွက်ပါက သက်ဆိုင်ရာ အတန်းပိုင် (သို့မဟုတ်) ဘာသာရပ်သင်ဆရာထံ ခွင့်တိုင်ကြားရမည်။
- LMS စနစ်များ အသုံးပြုခြင်း - Moodle / Google Classroom မှ ဘာသာရပ်ဆိုင်ရာ လေ့ကျင့်မှုများကို ပုံမှန်ဝင်ရောက် လေ့လာသင်ယူရမည်။
- ပူးပေါင်းဆောင်ရွက်ခြင်း - ဘာသာရပ်အလိုက် ပါဝင်သော Group Work, Pair Work နှင့် Presentation လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရမည်။
- ပြောဆိုဆက်ဆံခြင်း - ဆရာ၊ ဆရာမများအား ပွင့်လင်းစွာ မေးမြန်းဆွေးနွေးရန်နှင့် ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံရမည်။
- စည်းကမ်းလိုက်နာခြင်း - အတန်းတွင်း စည်းကမ်းများနှင့် ကျောင်း၏ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ မူများကို လေးစားစွာ လိုက်နာရမည်။
- ကျောင်းခေါ်ကြိမ် မပြည့်မှီခြင်း - ခိုင်လုံသောအထောက်အထားနှင့် အကြောင်းပြချက်မရှိဘဲ ကျောင်းခေါ်ကြိမ် မပြည့်မှီပါက ကျောင်းသားအဖြစ်မှ ရပ်ဆိုင်းခြင်း ခံရမည်။
- ဆက်သွယ်ရေးနှင့် Security ပြင်ဆင်ခြင်း - Telegram တွင် Timeline များ ဖျောက်ထားခြင်းနှင့် ဖုန်းခေါ်ဆိုမှု မပြုနိုင်ရန် Security မြှင့်ထားခြင်းများကို ကျောင်းမှ တာဝန်ရှိသူတစ်ဦးမှ ဆက်သွယ်နိုင်ရန်အတွက် ဖြေလျှော့၊ ဖွင့်ထားပေးရမည်။
- စစ်ဆေးအကဲဖြတ်ခြင်း - ကျောင်းမှ ချမှတ်ထားသော Assessment (စစ်ဆေးအကဲဖြတ်ခြင်း) များအား မပျက်မကွက် ပါဝင်ဖြေဆိုရမည်။
- အရေးယူဆောင်ရွက်ခြင်း - ကျောင်းစည်းကမ်းများကို မလိုက်နာပါက (သို့မဟုတ်) ဖောက်ဖျက်ပါက (သို့မဟုတ်) လုံခြုံရေးဆိုင်ရာ ဖောက်ဖျက်မှုများ ရှိပါက ကျောင်းစီမံအဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
Last modified: Saturday, 12 September 2026, 2:22 PM