2026- 2027 Academic Year (ပညာရေးစီမံကိန်း)
Completion requirements
2026- 2027 Academic Year (ပညာရေးစီမံကိန်း)
ဇန်နဝါရီ ၂ ရက်မှ ၊ ၂၀၂၆ ခုနှစ်
Mandalay Federal school ၏ ၂၀၂၆ ပညာသင်နှစ်အတွင်း အရည်အသွေးပြည့်ဝသော သင်ရိုး နှင့် မဟာဗျူဟာမြောက် သင်ကြားရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် အောက်ပါအတိုင်း ပညာရေးစီမံကိန်းများကို ကျောင်းစီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ယူကြီးကြပ် ရမည်ဖြစ်ပါသည်။
(၁) ကျောင်းသားသစ်များ ကျောင်းအပ်လက်ခံခြင်း
၂၀၂၆ ပညာသင်နှစ် ကျောင်းဝင်ခွင့် လျှောက်ထားလာသော ကျောင်းသူ၊ကျောင်းသားသစ်များကို ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း စီစစ်လက်ခံမည်ဖြစ်ပါသည်။ ကျောင်းသားသစ်များကို သတ်မှတ်ထားသောရက်များအတွင်း သက်ဆိုင်ရာ တာဝန်ယူကြီးကြပ်သူ နှင့် ဆရာ၊ဆရာမများမှ အတန်းလိုက် စီစစ်၍ ကျောင်းအပ်လက်ခံရမည်။ ဝင်ခွင့်ရရှိသော ကျောင်းသား၊ကျောင်းသူများကို သက်ဆိုင်ရာ ( Telegram Channel ) Moodle – MES များသို့ ထည့်သွင်းရမည်။ သက်ဆိုင်ရာအတန်းများတွင် အသုံးပြုမည့် သင်ရိုးညွန်းတမ်းစာအုပ်များကို soft copy ဖြန့်ဝေပေးရမည်။ ကျောင်းသားသစ်များကို အောက်ပါအတိုင်း အတည်ပြုစီစစ်ပေးရမည်။
(က) လူတွေ့စစ်ဆေးခြင်း
(ခ) အထောက်အထားများကို စစ်ဆေးခြင်း
(ဂ) လိုအပ်ပါက ဝင်ခွင့်စစ်ဆေးခြင်း
(ဃ) ကျောင်းစည်းကမ်းလိုက်နာနိုင်သူဖြစ်ခြင်း
(က) လူတွေ့စစ်ဆေးခြင်း
(ခ) အထောက်အထားများကို စစ်ဆေးခြင်း
(ဂ) လိုအပ်ပါက ဝင်ခွင့်စစ်ဆေးခြင်း
(ဃ) ကျောင်းစည်းကမ်းလိုက်နာနိုင်သူဖြစ်ခြင်း
(၂) ကျောင်းသားဟောင်းများ ကျောင်းအပ်လက်ခံခြင်း
၂၀၂၅ ပညာသင်နှစ် ကျောင်းသားဟောင်းများကို စီစစ်လက်ခံမည်ဖြစ်ပါသည်။ ကျောင်းသားဟောင်းများကို သတ်မှတ်ထားသောရက်များအတွင်း သက်ဆိုင်ရာ တာဝန်ယူကြီးကြပ်သူ နှင့် ဆရာ၊ဆရာမများမှ အတန်းလိုက် စီစစ်၍ ကျောင်းအပ်လက်ခံရမည်။ ကျောင်းသားဟောင်းများကို သက်ဆိုင်ရာ ( Telegram Group ) များသို့ ထည့်သွင်းပေးရမည်။ သက်ဆိုင်ရာအတန်းများတွင် အသုံးပြုမည့် သင်ရိုးညွန်းတမ်းစာအုပ်များကို soft copy ဖြန့်ဝေပေးရမည်။ ကျောင်းသားဟောင်းများကို အောက်ပါအတိုင်း အတည်ပြုစီစစ်ပေးရမည်။
(က) ၂၀၂၅ ပညာသင်နှစ်တွင် ဆက်လက်ပညာသင်ယူလိုသောသူဖြစ်ခြင်း
(ခ) လူတွေ့စစ်ဆေးခြင်း
(ဂ) ကျောင်းစည်းကမ်းလိုက်နာနိုင်သူဖြစ်ခြင်း
(က) ၂၀၂၅ ပညာသင်နှစ်တွင် ဆက်လက်ပညာသင်ယူလိုသောသူဖြစ်ခြင်း
(ခ) လူတွေ့စစ်ဆေးခြင်း
(ဂ) ကျောင်းစည်းကမ်းလိုက်နာနိုင်သူဖြစ်ခြင်း
(၃) သင်ကြားရေးဆရာ၊ဆရာမများကို တာဝန်ခွဲဝေခြင်း
ကျောင်းစီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ပေးအပ်ထားသော ကြီးကြပ်သူများသည် သက်ဆိုင်ရာ အတန်းလိုက် ဆရာ၊ဆရာများကို တွေ့စုံ၍ တာဝန်များကို ခွဲဝေပေးရမည်။ တာဝန်ခွဲဝေသည့် ကိစ္စရပ်များကို ဇန်နဝါရီ ၁၁ ရက် မှ ၁၈ ရက် အတွင်း စီစဉ်ဆောင်ရွက်ရမည်။ တာဝန်ခွဲဝေပြီးစီးပါက ကျောင်းသားဟောင်း / ကျောင်းသားသစ် ကျောင်းအပ်လက်ခံခြင်းကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်ပေးရမည်။ ၂၀၂၆ ပညာသင်နှစ် (၁၀) လတာကို သင်ခန်းစာ အောင်မြင်ပြီးမြောက်အောင် သင်ကြားပေးနိုင်မည့် ဆရာ၊ဆရာမများကိုသာ တာဝန်ခွဲဝေပေးရမည်။
(၄) သင်ကြားရေးအချိန်ဇယားများ ရေးဆွဲအတည်ပြုခြင်း
၂၀၂၆ ပညာသင်နှစ် အတန်းလိုက်သင်ကြားရေးအချိန်ဇယားများကို ထက်၊လယ်၊မူ တာဝန်ခံများမှ ဦးဆောင်၍ စီမံပေးရမည်။ အတန်းလိုက်အချိန်ဇယားများကို ဇန်နဝါရီ ၁၁ ရက် မှ ၁၈ ရက် အတွင်း အပြီးသတ်ရေးဆွဲပေးရမည်။ ကျောင်း၏စာသင်ချိန်များသည် နံနက် ၈:၀၀ နာရီ မှ ည ၈:၀၀ နာရီအတွင်း ရေးဆွဲရမည်။ ဘာသာရပ်စာသင်ချိန်များသည် တစ်ဘာသာကို တစ်ပတ်လျှင် အနည်းဆုံး (၃) ချိန်ရှိရမည်။ ဖြည့်စွက်ဘာသာရပ်များကို နံနက် (၈:၀၀ မှ ၁၂:၀၀)၊ ညနေ (၄:၀၀ မှ ၈:၀၀)၊ ညနေပိုင်းနှင့် ညပိုင်းအချိန်များတွင် အချိန်ဇယားရေးဆွဲရမည်။
(၅) ဖြည့်စွက်ဘာသာရပ်များအတွက် အတည်ပြုခြင်း
ဖြည့်စွက်ဘာသာရပ်များအတွက် ကျောင်းစီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ယူ၍ အတည်ပြုပေးရမည်။ လိုအပ်သော ပညာရေး အရင်းအမြစ်များကို ရှာဖွေချိတ်ဆက်ရမည်။ အတည်ပြုပြီးသော ဖြည့်စွက်ဘာသာရပ်များအတွက် တာဝန်ယူကြီးကြပ်သူများသည် သီးသန့်တွေ့စုံ၍ အချိန်ဇယားရေးဆွဲရမည်။
၂၀၂၆ ပညာသင်နှစ် ဖြည့်စွက်ဘာသာရပ်များအတွက် အောက်ပါအတိုင်း လျာထားပါသည် -
(က) Cambridge Primary + Secondary (English, Mathematics and Science)
(ခ) English 4 Skills, Grammar Intermediate (ထက်၊လယ်)
(ဂ) Civic & Moral + Life Skills
(ဃ) ပန်းချီအနုပညာနှင့် ဂီတ (ထက်၊လယ်၊မူ)
(င) စွမ်းရည်မြင့်သင်တန်းများနှင့် အခြားသင်တန်းများ (ထက်၊လယ်၊မူ)
(စ) နည်းပညာသင်တန်းများ
၂၀၂၆ ပညာသင်နှစ် ဖြည့်စွက်ဘာသာရပ်များအတွက် အောက်ပါအတိုင်း လျာထားပါသည် -
(က) Cambridge Primary + Secondary (English, Mathematics and Science)
(ခ) English 4 Skills, Grammar Intermediate (ထက်၊လယ်)
(ဂ) Civic & Moral + Life Skills
(ဃ) ပန်းချီအနုပညာနှင့် ဂီတ (ထက်၊လယ်၊မူ)
(င) စွမ်းရည်မြင့်သင်တန်းများနှင့် အခြားသင်တန်းများ (ထက်၊လယ်၊မူ)
(စ) နည်းပညာသင်တန်းများ
(၆) လိုအပ်သော ဆရာ၊ဆရာမများ ရွေးချယ်ခေါ်ယူခြင်း
ဖြည့်စွက်ဘာသာရပ်များနှင့် သင်ကြားရေးဘာသာရပ်များအတွက် လိုအပ်သော ဆရာ၊ဆရာမများကို ကျောင်းစီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ယူ၍ ရွေးချယ်ခေါ်ယူပေးရမည်။ လိုအပ်သော ထောက်ပံ့မှုများကို ကျောင်းဘဏ္ဍာမှ ထုတ်ယူသည်။ ဖြည့်စွက်ဘာသာရပ်များအတွက် သင်တန်းစရိတ်များကို ကျောင်းသား၊ကျောင်းသူများမှ သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံနိုင်သည်။
(၇) အတန်းပိုင် ဆရာ၊ဆရာများ တာဝန်ပေးအပ်ခြင်း
ကျောင်းစီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ယူကြီးကြပ်၍ သက်ဆိုင်ရာ အတန်းလိုက် အတန်းပိုင် ဆရာ၊ဆရာမများကို ရွေးချယ်ပေးရမည်။
(၈) ၂၀၂၆ ပညာသင်နှစ် ပညာရေးလုပ်ငန်းစဉ်များရေးဆွဲခြင်း
၂၀၂၆ ပညာသင်နှစ်အတွက် ပညာလုပ်ငန်းစဉ်များအတွက် Academic Calendar ကို သီးခြားရေးဆွဲရမည်။ ကျောင်း၏ စီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ယူရေးဆွဲပေးရမည်။
(၉) ကျောင်းဘဏ္ဍာရေးဆိုင်ရာ အစီအမံများရေးဆွဲခြင်း
၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအတွက်လိုအပ်သော ဘဏ္ဍာရေးဆိုင်ရာ အစီအမံများရေးဆွဲခြင်းကို ဘဏ္ဍာရေးဌာနမှ တာဝန်ယူရေးဆွဲပေးရမည်။ ဘဏ္ဍာရေးဆိုင်ရာ အစီအမံများရေးဆွဲပြီးပါက ကျောင်းစီမံခန့်ခွဲရေးအဖွဲ့မှ အတည်ပြုပေးရမည်။
(၁၀) ကျောင်းသားအချက်အလက်များနှင့် ဒေတာများကို မှတ်တမ်းတင်ခြင်း
၂၀၂၆ ပညာသင်နှစ် ကျောင်းသားအချက်အလက်များနှင့် ဒေတာများကို ကျောင်းသားရေးရာဌာနမှ တာဝန်ယူ ဆောင်ရွက်ရမည်။ ဒေတာထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များကို စနစ်တကျစီမံ ဆောင်ရွက်ရမည်။
(၁၁) စွမ်းရည်မြှင့်တင်ရေးသင်တန်းများနှင့် အခြားသင်တန်းများ မျှဝေခြင်း
၂၀၂၆ ပညာသင်နှစ်အတွက် သက်ဆိုင်ရာ အတန်းလိုက် ကျောင်းသား၊ကျောင်းသူများအတွက် စွမ်းရည်မြှင့်တင်ရေးသင်တန်းများနှင့် အခြားသင်တန်းများကို ကျောင်းစီမံခန့်ခွဲရေးအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးရမည်။ အရင်းမြစ်များကို ကျောင်းတွင်းဆရာ၊ဆရာမများနှင့် ပြင်ပပညာရှင်များကို ဖိတ်ခေါ်၍ ဆောင်ရွက်နိုင်သည်။ မိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ သင်တန်းရေးရာကိစ္စရပ်များ ဆောင်ရွက်ရမည်။
(၁၂) အထွေထွေ
(က) ၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများသည် ကျောင်းမှ ချမှတ်ထားသော မူဝါဒများနှင့် ကျောင်းစည်းကမ်းများကို လိုက်နာသူဖြစ်ရမည်။
(ခ) ဆရာ၊ဆရာမများအတွက် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများနှင့် စွမ်းရည်မြင့်သင်တန်းများကို ကျောင်းစီမံခန့်ခွဲရေးအဖွဲ့မှ စီမံဆောင်ရွက်ပေးရမည်။
(ဂ) ကျောင်းသား၊ကျောင်းသူများ ကျောင်းရပ်နားလိုပါက ကျောင်းစီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။
(ဃ) ကျောင်းသား၊ကျောင်းသူများသည် ကျောင်းမှ သတ်မှတ်ထားသော အဓိကဘာသာရပ်များနှင့် ဖြည့်စွက်ဘာသာရပ်များကို သင်ယူရမည်ဖြစ်သည်။
(င) ကျောင်းမှ ချမှတ်ထားသော မူဝါဒများနှင့် စည်းကမ်းများကို လိုက်နာမှုမရှိသော ကျောင်းသား၊ကျောင်းသူများကို မိဘများနှင့် တွေ့ဆုံညှိနှိုင်းရမည်။ လိုက်နာမှုမရှိသော ကျောင်းသား၊ကျောင်းသူများကို ကျောင်းမှ ချမှတ်ထားသော မူဝါဒအတိုင်း ဆက်လက်ဆောင်ရွက်ရမည်။
(ခ) ဆရာ၊ဆရာမများအတွက် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများနှင့် စွမ်းရည်မြင့်သင်တန်းများကို ကျောင်းစီမံခန့်ခွဲရေးအဖွဲ့မှ စီမံဆောင်ရွက်ပေးရမည်။
(ဂ) ကျောင်းသား၊ကျောင်းသူများ ကျောင်းရပ်နားလိုပါက ကျောင်းစီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။
(ဃ) ကျောင်းသား၊ကျောင်းသူများသည် ကျောင်းမှ သတ်မှတ်ထားသော အဓိကဘာသာရပ်များနှင့် ဖြည့်စွက်ဘာသာရပ်များကို သင်ယူရမည်ဖြစ်သည်။
(င) ကျောင်းမှ ချမှတ်ထားသော မူဝါဒများနှင့် စည်းကမ်းများကို လိုက်နာမှုမရှိသော ကျောင်းသား၊ကျောင်းသူများကို မိဘများနှင့် တွေ့ဆုံညှိနှိုင်းရမည်။ လိုက်နာမှုမရှိသော ကျောင်းသား၊ကျောင်းသူများကို ကျောင်းမှ ချမှတ်ထားသော မူဝါဒအတိုင်း ဆက်လက်ဆောင်ရွက်ရမည်။
📅 မန္တလေးဖက်ဒရယ်ကျောင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် စာသင်နှစ်အစီအစဉ် (ဇယားကြည့်ရန်)
မန္တလေးဖက်ဒရယ်ကျောင်း၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Batch 6 ၏ စာသင်နှစ်အစီအစဉ်
| စဉ် | ရက်စွဲ | အကြောင်းအရာ | မှတ်ချက် |
|---|---|---|---|
| ၁ | ၂.၁.၂၀၂၆ - ၃၁.၁.၂၀၂၆ | စာသင်ကာလ (၇ ရက်) | ပိတ်ရက် ၁ ရက် |
| ၂ | ၁.၂.၂၀၂၆ - ၂၈.၂.၂၀၂၆ | စာသင်ကာလ (၁၆ ရက်) | ပြည်ထောင်စုနေ့၊ တရုတ်နှစ်သစ်ကူးအပါ ပိတ်ရက် ၁၂ ရက် |
| ၃ | ၁.၃.၂၀၂၆ - ၃၁.၃.၂၀၂၆ | စာသင်ကာလ (၂၀ ရက်) | တောင်သူလယ်သမားနေ့အပါ ပိတ်ရက် ၁၁ ရက် |
| ၄ | ၁.၄.၂၀၂၆ - ၃၀.၄.၂၀၂၆ | စာသင်ကာလ (၁၆ ရက်) | သင်္ကြန်ပိတ်ရက်အပါ ပိတ်ရက် ၁၄ ရက် |
| ၅ | ၁.၅.၂၀၂၆ - ၃၀.၅.၂၀၂၆ | စာသင်ကာလ (၂၀ ရက်) | အလုပ်သမားနေ့အပါ ပိတ်ရက် ၁၁ ရက် |
| ၆ | ၁.၆.၂၀၂၆ - ၃၀.၆.၂၀၂၆ | စာသင်ကာလ (၂၂ ရက်) | ပိတ်ရက် ၈ ရက် |
| ၇ | ၁.၇.၂၀၂၆ - ၃၁.၇.၂၀၂၆ | စာသင်ကာလ (၂၂ ရက်) | ဝါဆိုလပြည့်အပါ ပိတ်ရက် ၉ ရက် |
| ၈ | ၁.၈.၂၀၂၆ - ၃၁.၈.၂၀၂၆ | စာသင်ကာလ (၂၁ ရက်) | ပိတ်ရက် ၁၀ ရက် |
| ၉ | ၁.၉.၂၀၂၆ - ၃၀.၉.၂၀၂၆ | စာသင်ကာလ (၂၂ ရက်) | ပိတ်ရက် ၈ ရက် |
| ၁၀ | ၁.၁၀.၂၀၂၆ - ၃၁.၁၀.၂၀၂၆ | စာသင်ကာလ (၂၀ ရက်) | သီတင်းကျွတ်အပါ ပိတ်ရက် ၁၁ ရက် |
| ၁၁ | ၁.၁၁.၂၀၂၆ - ၃၀.၁၁.၂၀၂၆ | စာသင်ကာလ (၁၉ ရက်) | တန်ဆောင်တိုင်ပိတ်ရက်အပါ ပိတ်ရက် ၁၁ ရက် |
| စုစုပေါင်း | ကျောင်းဖွင့်ရက် - ၂၀၅ ရက် | ကျောင်းပိတ်ရက် - ၁၀၆ ရက် | |
* အထက်ပါကျောင်းဖွင့်ရက် နှင့် ပိတ်ရက်များသည် ခန့်မှန်းခြေသာဖြစ်၍ အနည်းငယ်မျှ ပြောင်းလဲမှု ရှိနိုင်ပါသည်။
Last modified: Friday, 11 September 2026, 6:16 PM